Setup Menus in Admin Panel

Dr Thwe Thwe Khaing

     

ပါမောက္ခဒေါက်တာသွယ်သွယ်ခိုင် ၏ကိုယ်ရေးအကျဉ်း

ပါမောက္ခဒေါက်တာသွယ်သွယ်ခိုင်သည် ၁၉၉၅ခုနှစ်တွင် တောင်ကြီးတက္ကသိုလ်မှ ဒဿနိကဗေဒအထူးပြုဖြင့် ဝိဇ္ဇာဘွဲ့ကို အထူးအောင်မြင်ခဲ့သည်။ ၂၀၀၂ခုနှစ်တွင် မန္တလေး တက္ကသိုလ်မှ ဒဿနိကဗေဒအထူးပြုဖြင့် မဟာဝိဇ္ဇာဘွဲ့ကို ရရှိခဲ့သည်။ ၂၀၀၇ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဒဿနိကဗေဒအထူးပြုဖြင့် ပါရဂူဘွဲ့ကို ရရှိခဲ့သည်။ ၁၉၉၈ခုနှစ်မှ        စတင်၍ ဒဿနိကဗေဒဌာနတွင် နည်းပြအဖြစ်အမှုထမ်းဆောင်ခဲ့သည်။ ပြည်တွင်းနှင့် နိုင်ငံတကာ သုတေသနညီလာခံများ၊ စာတမ်းဖတ်ပွဲများနှင့် အလုပ်ရုံ ဆွေးနွေးပွဲများစွာ တက်ရောက် ပါဝင်ဆွေးနွေးခဲ့သည်။ သုတေသနအထူးပြုနယ်ပယ်မှာ ကိုယ်ကျင့်တရားပညာ ဖြစ်သည်။ မဟာဝိဇ္ဇာ ကျောင်းသား၊ ကျောင်းသူများစွာကို ကျမ်းကြီးကြပ်ပေးခဲ့သည်။ ယခုအခါ ရွှေဘိုတက္ကသိုလ် ဒဿနိကဗေဒဌာနတွင် ပါမောက္ခအဖြစ် တာဝန် ထမ်းဆောင်လျက် ရှိပါသည်။

ဆက်သွယ်ရန် [email protected]

       

A Brief Biography of Professor Dr Thwe Thwe Khaing

She did her BA (Philosophy) from Taunggyi University in 1995 with credit. She received her MA (Philosophy) in 2002 from the University of Mandalay. She completed her PhD in Philosophy from the University of Yangon in 2007. She has been working as a faculty member in the department of Philosophy in 1998. She participated several National and International Conferences, Seminars and Workshops. Her interest of research is ethics. She supervised more than ten     MA (Philosophy) candidates. Presently she is working as the professor of the department of philosophy, Shwebo University.

Contact [email protected]

Information of Shwe bo University

ရွှေဘိုတက္ကသိုလ်၏ မူလအစဖြစ်သော ရွှေဘိုဒေသကောလိပ်ကို ၂၆-၅-၁၉၇၇ တွင် စတင် ဖွင့်လှစ် ခဲ့သည်။ ၁-၄-၁၉၈၀ တွင် ရွှေဘိုကောလိပ်ဟု အမည်ပြောင်းလဲခဲ့သည်။ ၇-၇-၁၉၉၉ တွင် ရွှေဘိုဒီဂရီကောလိပ်အဖြစ်လည်းကောင်း၊ ၁၃-၆-၂၀၁၁ တွင် ရွှေဘိုတက္ကသိုလ်အဖြစ် လည်းကောင်း အဆင့်တိုးမြှင့်ခဲ့သည်။

ရွှေဘိုမြို့၏အရှေ့ဘက် ၂မိုင် ၅ဖာလုံ အကွာ၊ရွှေဘို-မြစ်ကြီးနားလမ်း၏ အရှေ့ဘက်၊ ရွှေဘို-ကျောက်မြောင်းလမ်း၏ မြောက်ဘက်၊ လမ်းဆုံထောင့်တွင်တည်ရှိပြီး၂၁၀.၆၈ ဧက ကျယ်ဝန်းပါသည်။

Reach Us

Shwebo University, Sagaing Region

075-21254

[email protected]

top
© All right reserved. Designed by World Wide Myanmar
X