Setup Menus in Admin Panel

ရွှေဘိုတက္ကသိုလ်၏ သမိုင်းအကျဉ်းချုပ်

ရွှေဘိုမြို့၏အရှေ့ဘက် ၂မိုင် ၅ဖာလုံ အကွာ၊ရွှေဘို-မြစ်ကြီးနားလမ်း၏ အရှေ့ဘက်၊ ရွှေဘို-ကျောက်မြောင်းလမ်း၏ မြောက်ဘက်၊ လမ်းဆုံထောင့်တွင်တည်ရှိပြီး၂၁၀.၆၈ ဧက ကျယ်ဝန်းပါသည်။

ရွှေဘိုတက္ကသိုလ် တည်ထောင်ခြင်း

ရွှေဘိုတက္ကသိုလ်၏ မူလအစဖြစ်သော ရွှေဘိုဒေသကောလိပ်ကို ၂၆-၅-၁၉၇၇ တွင် စတင် ဖွင့်လှစ် ခဲ့သည်။ ၁-၄-၁၉၈၀ တွင် ရွှေဘိုကောလိပ်ဟု အမည်ပြောင်းလဲခဲ့သည်။ ၇-၇-၁၉၉၉ တွင် ရွှေဘိုဒီဂရီကောလိပ်အဖြစ်လည်းကောင်း၊ ၁၃-၆-၂၀၁၁ တွင် ရွှေဘိုတက္ကသိုလ်အဖြစ် လည်းကောင်း
အဆင့်တိုးမြှင့်ခဲ့သည်။

Mission

ဒေသနှင့် နိုင်ငံအတွက် လိုအပ်သော အရည်အချင်းပြည့်ဝသော လူ့စွမ်းအား အရင်း အမြစ်များ ဖွံ့ဖြိုးတိုးတက်ရန် ပညာရည်နှင့် လူမှုကျင့်ဝတ် ကောင်းမွန်သော ဘွဲ့ရသူများ မွေးထုတ်ပေးမည်။

ကောင်းမွန်သော သင်ကြားရေးနှင့် ပညာရပ်ဝန်းကျင်တခုလုံး ရေရှည်တည်တံ့ ခိုင်မြဲစေရန် အသုံးချသုတေသန ဆောင်ရွက်ချက်များ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်မည်။

Vision

ရွှေဘိုတက္ကသိုလ်သည် နိုင်ငံတကာတက္ကသိုလ်များနှင့် ရင်ဘောင်တန်းနိုင်ပြီး အနာဂတ်၏ မြန်မာ့လူဘောင်သစ် အားဖွံ့ဖြိုးစည်ပင်အောင် တည်ဆောက်နိုင်၍ အခွင့်အလမ်းများစွာကို ပိုင်ဆိုင် နိုင်သည့် ပညာတတ် လူတော် လူကောင်း ခေါင်းဆောင်များကို မွေးထုတ်ပေးနိုင်သော တက္ကသိုလ်အဖြစ် ရပ်တည်မည်။

Objectives

သဘာဝပတ်ဝန်းကျင်နှင့် လူ့အဖွဲ့အစည်း၏ ကောင်းကျိုးကို အဆက်မပြတ် ဖွံ့ဖြိုးတိုးတက် စေမည့် ပညာရေးဝန်းကျင်ကောင်းအဖြစ် ရပ်တည်နိုင်ရန်အတွက် သင်ကြားရေး၊ စစ်ဆေး အကဲဖြတ်ရေးနှင့် သုတေသနပြုရေးတို့ကို ဆောင်ရွက်မည်။

သင်ကြားပို့ချသော ဘာသာရပ် ပါမောက္ခ(ဌာနမှူး)များ

စဉ် အမည် ရာထူး ဌာန
1 ​ဒေါက်တာခင်မာထူး ပါမောက္ခ မြန်မာစာ
2 ဒေါက်တာခင်မောင်စိုး ပါမောက္ခ အင်္ဂလိပ်စာ
3 ​ဒေါက်တာမြမြစိုး ပါမောက္ခ ပထဝီဝင်
4 ဒေါက်တာနုနု ပါမောက္ခ သမိုင်း
5 ဒေါက်တာစောလင်း ပါမောက္ခ ဒဿနိကဗေဒ
6 ဒေါက်တာစန်းစန်းနိုင် ကထိက အရှေ့တိုင်းပညာ
7 ဒေါက်တာကြူကြူဆွေ ပါမောက္ခ ဓါတုဗေဒ
8 ဒေါက်တာမင်းဆွေ ပါမောက္ခ ရူပဗေဒ
9 ဒေါက်တာမြင့်မြင့်ရီ ပါမောက္ခ သင်္ချာ
10 ဒေါက်တာခင်သန်းဌေး ပါမောက္ခ သတ္တဗေဒ
11 ​ဒေါက်တာခင်နှင်းရည် ပါမောက္ခ ရုက္ခဗေဒ
12 ဒေါက်တာခင်ခင်လင်း ပါမောက္ခ ဘူမိဗေဒ

ရွှေဘိုတက္ကသိုလ် တွင် အဆင့်ဆင့်တာဝန်ထမ်းဆောင်ခဲ့ကြသော ကျောင်းအုပ်ကြီးများနှင့် ပါမောက္ခချုပ်များ

၁။ ဦးဆန်နီ ကျောင်းအုပ်ကြီး ၁-၄-၁၉၇၇ မှ ၈-၂-၁၉၈၂ထိ
၂။ ဒေါက်တာမြင့်သိန်း ကျောင်းအုပ်ကြီး ၉-၂-၁၉၈၂ မှ ၈-၂-၁၉၉၁ထိ
၃။ ဦးဝင်းမောင် ကျောင်းအုပ်ကြီး ၂၂-၄-၁၉၉၁ မှ ၃၁-၇-၁၉၉၆ထိ
၄။ ဦးသင်းလှိုင် ကျောင်းအုပ်ကြီး ၂၇-၈-၁၉၉၆ မှ ၂၄-၇-၂၀၀၀ထိ
၅။ ဦးစိုး ကျောင်းအုပ်ကြီး ၂၅-၇-၂၀၀၀ မှ ၃၀-၄-၂၀၀၄ထိ
၆။ ဦးဝင်းမြင့် ဒုတိယကျောင်းအုပ်ကြီး ၁-၅-၂၀၀၄ မှ ၁၄-၁၀-၂၀၀၄ထိ
၇။ ဦးကျော်မြင့်သိန်း ပါမောက္ခ ၁၅-၁၀-၂၀၀၄ မှ ၁၀-၃-၂၀၀၅ထိ
ကျောင်းအုပ်ကြီးတာဝန်
၈။ ဦးခင်မောင်တင် ကျောင်းအုပ်ကြီး ၁၁-၃-၂၀၀၅ မှ ၉-၆-၂၀၀၆ထိ
၉။ ဦးရဲမြင့်အောင် ကျောင်းအုပ်ကြီး ၁၀-၆-၂၀၀၆ မှ ၂၅-၄-၂၀၁၁ထိ
ဒုတိယပါမောက္ခချုပ်
၁၀။ ဒေါက်တာတင်ထွန်းမြင့် ပါမောက္ခချုပ် ၉-၃-၂၀၁၂ မှ ၂၁-၇-၂၀၁၈ထိ
၁၁။ ဒေါက်တာအောင်ကျော်သင် ဒုတိယပါမောက္ခချုပ်
၁၂။ ဒေါက်တာဝင်းဆွေ ဒုတိယပါမောက္ခချုပ် ၃-၅-၂၀၁၉ မှ ယနေ့ထိ

ရွှေဘိုတက္ကသိုလ်(နေ့သင်တန်း)တွင် သင်ကြားပို့ချနေသော ဘာသာရပ်များနှင့် ပေးအပ်သောဘွဲ့များ

စဉ် သင်ကြားပို့ချသောဘာသာရပ် ပေးအပ်သောဘွဲ့များ မှတ်ချက်
မြန်မာစာ B.A, B.A(Hons), M.A
အင်္ဂလိပ်စာ B.A, B.A(Hons)
ပထဝီဝင် B.A, B.A(Hons), M.A
သမိုင်း B.A, B.A(Hons), M.A
ဒဿနိကဗေဒ B.A, B.A(Hons)
ဓာတုဗေဒ B.Sc, B.Sc(Hons), M.Sc
ရူပဗေဒ B.Sc, B.Sc(Hons), M.Sc
သင်္ချာ B.Sc, B.Sc(Hons), M.Sc
သတ္တဗေဒ B.Sc, B.Sc(Hons), M.Sc
၁၀ ရုက္ခဗေဒ B.Sc, B.Sc(Hons), M.Sc
၁၁ ဘူမိဗေဒ B.Sc, B.Sc(Hons)

Information of Shwe bo University

ရွှေဘိုတက္ကသိုလ်၏ မူလအစဖြစ်သော ရွှေဘိုဒေသကောလိပ်ကို ၂၆-၅-၁၉၇၇ တွင် စတင် ဖွင့်လှစ် ခဲ့သည်။ ၁-၄-၁၉၈၀ တွင် ရွှေဘိုကောလိပ်ဟု အမည်ပြောင်းလဲခဲ့သည်။ ၇-၇-၁၉၉၉ တွင် ရွှေဘိုဒီဂရီကောလိပ်အဖြစ်လည်းကောင်း၊ ၁၃-၆-၂၀၁၁ တွင် ရွှေဘိုတက္ကသိုလ်အဖြစ် လည်းကောင်း အဆင့်တိုးမြှင့်ခဲ့သည်။

ရွှေဘိုမြို့၏အရှေ့ဘက် ၂မိုင် ၅ဖာလုံ အကွာ၊ရွှေဘို-မြစ်ကြီးနားလမ်း၏ အရှေ့ဘက်၊ ရွှေဘို-ကျောက်မြောင်းလမ်း၏ မြောက်ဘက်၊ လမ်းဆုံထောင့်တွင်တည်ရှိပြီး၂၁၀.၆၈ ဧက ကျယ်ဝန်းပါသည်။

Reach Us

Shwebo University, Sagaing Region

075-21254

[email protected]

top
© All right reserved. Designed by World Wide Myanmar
X