Setup Menus in Admin Panel

Dr Saw Lynn

        

ပါမောက္ခ(ဌာနမှူး)‌ဒေါက်တာစောလင်း ၏ကိုယ်ရေးအကျဉ်း

ပါမောက္ခဒေါက်တာစောလင်းသည် ၁၉၉၅ခုနှစ်တွင် မန္တလေးအဝေးသင်တက္ကသိုလ်မှ ဒဿနိကဗေဒအထူးပြုဖြင့် ဝိဇ္ဇာဘွဲ့ကို အထူးအောင်မြင်ခဲ့သည်။ ၂၀၀၁ခုနှစ်တွင် မန္တလေး တက္ကသိုလ်မှ ဒဿနိကဗေဒအထူးပြုဖြင့် မဟာဝိဇ္ဇာဘွဲ့ကို အထူးအောင်မြင်ခဲ့သည်။ ၂၀၀၂ခုနှစ်တွင် မန္တလေးတက္ကသိုလ်မှ ဒဿနိကဗေဒအထူးပြုဖြင့် မဟာသုတေသနဘွဲ့ကို အထူးအောင်မြင်ခဲ့သည်။ ၂၀၀၆ခုနှစ်တွင် အိန္ဒိယနိုင်ငံ၊ ဟိုက်ဒြာဘတ်မြို့၊ အိုစမာနီးယား တက္ကသိုလ်မှ ဒဿနိကဗေဒအထူးပြုဖြင့် ပါရဂူဘွဲ့ကို ရရှိခဲ့သည်။ ၁၉၉၈ခုနှစ်မှစတင်၍ ဒဿနိကဗေဒဌာနတွင် နည်းပြအဖြစ် အမှုထမ်းဆောင်ခဲ့သည်။ တက္ကသိုလ်သုတေသန ဂျာနယ်တွင် သုတေသနစာတမ်းအချို့ ရေးသားထုတ်ဝေခဲ့သည်။ ပြည်တွင်းနှင့် နိုင်ငံတကာ သုတေသနညီလာခံများ၊ စာတမ်းဖတ်ပွဲများနှင့် အလုပ်ရုံဆွေးနွေးပွဲများစွာ တက်ရောက် ပါဝင်ဆွေးနွေးခဲ့သည်။ သုတေသနအထူးပြုနယ်ပယ်မှာ ဗုဒ္ဓဒဿနဖြစ်သည်။ မဟာဝိဇ္ဇာ ကျောင်းသား၊ ကျောင်းသူများစွာကို ကျမ်းကြီးကြပ်ပေးခဲ့သည်။ ယခုအခါ ရွှေဘိုတက္ကသိုလ် ဒဿနိကဗေဒဌာနတွင် ပါမောက္ခ (ဌာနမှူး) အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိပါသည်။

ဆက်သွယ်ရန် [email protected]

        

A Brief Biography of Professor Dr Saw Lynn

He did his BA (Philosophy) from Mandalay University of Distance Education in 1995 with credit. He received his MA (Philosophy) with credit in 2001 from the University of Mandalay. He got his MRes (Philosophy) with credit from the University of Mandalay in 2002. He completed his PhD in Philosophy from Osmania University, Hyderabad India in 2006. He has been working as a faculty member in the department of Philosophy in 1998. Some research papers are published in University Research Journal. He participated several National and International Conferences, Seminars and Workshops. His interest of research is Buddhist philosophy. He supervised more than ten MA (Philosophy) candidates. Presently he is working as the head of the department of philosophy, Shwebo University.

Contact [email protected]

Information of Shwe bo University

ရွှေဘိုတက္ကသိုလ်၏ မူလအစဖြစ်သော ရွှေဘိုဒေသကောလိပ်ကို ၂၆-၅-၁၉၇၇ တွင် စတင် ဖွင့်လှစ် ခဲ့သည်။ ၁-၄-၁၉၈၀ တွင် ရွှေဘိုကောလိပ်ဟု အမည်ပြောင်းလဲခဲ့သည်။ ၇-၇-၁၉၉၉ တွင် ရွှေဘိုဒီဂရီကောလိပ်အဖြစ်လည်းကောင်း၊ ၁၃-၆-၂၀၁၁ တွင် ရွှေဘိုတက္ကသိုလ်အဖြစ် လည်းကောင်း အဆင့်တိုးမြှင့်ခဲ့သည်။

ရွှေဘိုမြို့၏အရှေ့ဘက် ၂မိုင် ၅ဖာလုံ အကွာ၊ရွှေဘို-မြစ်ကြီးနားလမ်း၏ အရှေ့ဘက်၊ ရွှေဘို-ကျောက်မြောင်းလမ်း၏ မြောက်ဘက်၊ လမ်းဆုံထောင့်တွင်တည်ရှိပြီး၂၁၀.၆၈ ဧက ကျယ်ဝန်းပါသည်။

Reach Us

Shwebo University, Sagaing Region

075-21254

[email protected]

top
© All right reserved. Designed by World Wide Myanmar
X